top of page
Wisarra.jpg

ကျေးဇူးရှင်တောင်သူဦးကြီးများအတွက် ဝိစာရ ကုမ္ပဏီမှ Website မိတ်ဆက်

တောင်သူလယ်သမားဦးကြီးများအတွက် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သတင်းများ၊ မိုးလေဝသသတင်းများ၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာဆောင်းပါးများနှင့် နေ့စဉ်လယ်ယာသီးနှံ ဈေးနှုန်းများကို တစ်နေရာတည်းတွင် ကြည့်ရှုသိရှိစေရန် ဝိစာရအင်တာနေရှင်နယ်ကုမ္ပဏီ၏ Website (https://www.wisarra.com/mm) မှ Agri-Knowledge (စိုက်ပျိုးရေးသိကောင်းစရာ)ကဏ္ဍ တစ်ခုအနေဖြင့် တင်ဆက်ပေးလျက်ရှိပါသည်။ ဝိစာရ Website ကို 2019 ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် အသစ်ပြန်လည် Launch လုပ်ခဲ့တယ်လို့ သိရှိရပါသည်။

Webiste တွင် ဝိစာရကုမ္ပဏီမှထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိသော ထုတ်ကုန်ပစ္စည်းများ အကြောင်းကို Products (ထုတ်ကုန်များ)ကဏ္ဍတွင် အသေးစိတ်လေ့လာဖတ်ရှုနိုင်သည် ဟု သိရှိရပါသည်။ Website ကို Desktop Computer, Laptop, Tablets များတွင်သာမက မိမိတို့၏ မိုဘိုင်း စမတ်ဖုန်းများမှလည်း Wisarra Website သို့ဝင်၍ ဖတ်ရှုနိုင်သည်လို့ သိရှိရပါသည်။

ဝိစာရ အင်တာနေရှင်နယ် ကုမ္ပဏီ အနေဖြင့် မြန်မာ့စိုက်ပျိုးရေး ကဏ္ဍပိုမိုးတိုးတက်လာစေရန်နှင့် တောင်သူများ၏သီးနှံများ အထွက်နှုန်းကောင်းစေရန်  တောင်သူများအတွက် စိုက်ပျိုးရေး သွင်းအားစုများဖြစ်သော ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးဓာတုဆေးများကို ဖြန့်ချိရောင်းချပေးလျက်ရှိသည်မှာ အနှစ် ၂၀ ကျော် ရှိခဲ့ပါပြီ။ သက်ဆိုင်ရာြမို့နယ်/တိုင်းအသီးသီးမှ ဝိစာရကုမ္ပဏီဝန်ထမ်းများမှလည်း တောင်သူလယ်သမားများ၏ အကျိုးကို အစဉ်ရှေ့ရှုလျှက် စိုက်ပျိုးရေးနည်းပညာအကူအညီများနှင့် ရာသီအလိုက် စိုက်ခင်းများတွင်ဖြစ်ပေါ်နေသော  ပေါင်းမြက်၊ အပင်ရောဂါ၊ ပိုးမွှားများပြဿနာများ နှင့် မြေဆီလွှာအာဟာရချို့တဲ့မှုပြဿနာများကို ကူညီဖြေရှင်း ပေးလျက်ရှိသည်ဟု ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူထံမှ သိရှိရပါသည်။

Form

Thanks for submitting!

  • Facebook
  • LinkedIn

©2021 by Village Link Company Limited. Proudly created with Wix.com

bottom of page